ရွှေတောင် မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လျင်မြန်စွာ မီးငြှိမ်းသတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မီးငြှိမ်းသတ်နည်းဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ထို့နောက် ရွှေတောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးမှ မီးဘေးအသိ/သတိရှိစေရန်၊မီးလောင်ဆုံးရှုံးမှုမဖြစ်စေရေးအတွက် မီးသတ်ဆေးဘူးအသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဗူးကို အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ဆီမီးလောင်မှုကို ဖုံးအုပ်ငြှိမ်းသတ်နည်း၊ ဂက်စ်မီးလောင်မှုကို ငြှိမ်းသတ်နည်းနှင့် မီးဘေးလုံခြုံရေးအတွက် ပြုလုပ်ဆောင်ရွက်သရုပ်ပြခဲ့ကြသည်။
အဆိုပါမီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ရာတွင် ရွှေတောင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထက်နိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် သိရှိပြီး လိုက်နာဆောင်ရွက်တတ်စေရန်အတွက် လက်တွေ့သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုကိုမင်း (ပြန်/ဆက်)