ငပုတောမြို့နယ်အား ၂၀၂၅-၂၀၂၆ ခုနှစ် Clean City Green City ဆုရွေးချယ်နိုင်ရေး တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အား ၂၀၂၅-၂၀၂၆ ခုနှစ် Clean City, Green City ဆုရွေးချယ်နိုင်ရေးအတွက် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ယနေ့နံနက်ပိုင်း ၈ နာရီ ၃၀ မိနစ်အချိန်က ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲကျင်းပ

စစ်ကိုင်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပိုးတန်းဓမ္မာရုံ၌ကျင်းပရာ မြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးငယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့်(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌  ဒီဇင်ဘာ ၃၁ ရက်က လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဒီဇင်ဘာလ ၃၁ ရက်က ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် အမှတ်(၁)ဈေးရှိပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။

ကန့်ဘလူ၌ ( ၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ မြို့နယ်ပေါင်းစုံ အခြေခံပညာအဆင့် ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲ (၃)(၄)နှင့် Fitness Exercise ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အခြေခံပညာအဆင့် ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့် ခန်းအတွဲ (၃) (၄) နှင့် Fitness Exercise ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့နယ် လှာကမြင် မိုးလုံလေလုံအားကစားရုံ၌ ပြုလုပ်ကျင်းပခဲ့သည်။

ကျွန်းလှမြို့နယ်တွင် လယ်ရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးရန် နေကြာမျိုးစေ့များပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ကြရာလယ်ရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးရန် နေကြမျိုးစေ့များကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပေးအပ်ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် (မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို အ-ထ-က (စဉ့်ကိုင်) ကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ကြံခင်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(နံဂါတ်)တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း(နံဂါတ်)တွင် စာဖတ်ရှိန်မြင့်တင်ရေးနှင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပခဲ့ကြကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်‌ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသားသုံးယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်လွတ်လပ်‌ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားသုံးယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ သရက်ချောင်းမြို့နယ်၊ မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပသည်။
Subscribe to