မြဝတီမြို့တွင် Mpox (မျောက်ကျောက်) ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် Mpox (မျောက်ကျောက်) ရောဂါ ကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာထားရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်နိုင်ရန် Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေးနှိုးဆော်ချက် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇ နာရီက ဘုရင့်နောင်ဈေးကြီးရှေ့၌ စုပေါင်းဆောင်ရွက်သည်။