သဲကုန်း စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း) တွင် ကျင်းပခဲ့သည်။
အဆိုပါ ကမ္ဘာ့ဆရာများနေ့ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်မှ (၁၂) ဦး၊ အလယ်တန်းအဆင့်မှ (၃၈) ဦး၊ ကမ္ဘာ့ဆရာများနေ့ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်မှ (၁၂) ဦး၊ အလယ်တန်းအဆင့်မှ (၂၈) ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၉၀) မှ စာစီစာကုံးတွင် ပညာဥယျာဥ်မှူး၊ ဆရာမပြနည်းမကျခေါင်းစဥ်၊ ကဗျာတွင် ကြယ်ဓူဝံပမာမြတ်ဆရာ၊ ဆရာသခင်ကျေးဇူးရှင် ခေါင်းစဥ်များဖြင့် ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)