ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှုများ ဖြစ်ပွား

ပဲခူး စက်တင်ဘာ

ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံလျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့နယ်တွင် စက်တင်ဘာ () ရက်နေ့မှစ၍ မိုးများအဆက်မပြတ်ရွာသွန်းခဲ့ပြီး ပဲခူးမြစ်ရေသည် ယမန်နေ့ နေ့လယ်တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအထက် ၉၁၂ စင်တီမီတာသို့ ရောက်ရှိလျက်ရှိပြီး အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော ကလျာဏီရပ်ကွက်၊ ကျွန်းသာယာရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက် ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်တို့တွင် ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)