ရန်ကုန် စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်ကမာရွတ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော "ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ်တို့ လူငယ်ခေါင်းစဉ်ဖြင့် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။
ယင်းသို့ကျင်းပရာ၌ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ( ၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) က ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်အကြောင်းကို အသိပညာပေးဟောပြောပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများမှ အသီးသီးချီးမြှင့်ပေးခဲ့ကြပါသည်။
ထို့နောက်ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ဆေးလိပ်ဆေးရွက်ကြီးသောက်သုံးမှုနှင့် ပတ်သက်သည့် အသိပညာပေးပိုစတာများကို စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)