ပုဗ္ဗသီရိမြို့နယ်၌ ဆင်သေချောင်းရေကျဆင်းလာသည့်အတွက် ပင်လောင်းလမ်းမပေါ်တွင် တင်ကျန်နေသည့် ရွှံ့နွံများနှင့် သစ်ကိုင်း၊ အမှိုက်သရိုက်များအား ရှင်းလင်းဖယ်ရှားခြင်းများ ဝိုင်းဝန်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဆင်သေချောင်းရေကျဆင်းလာသည့်အတွက် ပင်လောင်းလမ်းမကြီးပေါ်တွင် တင်ကျန်နေသည့် ရွှံနွံများနှင့် အမှိုက်သရိုက်၊ သစ်ကိုင်းများ ရှင်းလင်းဖယ်ရှားခြင်းကို ယနေ့နံနက်ပိုင်းက ဝိုင်းဝန်းဆောင်ရွက်နေကြကြောင်း သိရသည်။

ဆိပ်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြိုနယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေသဲဖြူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီမြို့၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဉာဏ၊ သာယာဝတီမြို့နယ် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုးလွင်နှင့် အမှတ်(၂)လူကုန်ကူးမှုတားနှိမ်နင်းရေးရဲတပ်ဖွဲ့(တပ်ဖွဲ့စိတ်မှူး) ရဲအုပ်ဥက္ကာသွင်တို့ ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ကြသည်။

အင်္ဂပူမြို့နယ်တွင် ကညင်ချောင်းရေမြင့်တက်မှုကြောင့် ဟင်္သာတ-မြန်အောင် ကားလမ်းရေကျော်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ကညင်ချောင်းရေမြင့်တက်လာမှုကြောင့် ဟင်္သာတ-မြန်အောင် ကားလမ်းပေါ်တွင် ရေကျော်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်သည့် နေအိမ်များအား ထမင်းထုပ်နှင့် ရေသန့်ဘူးများလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တွင် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ရေဝင်ရောက်သည့် နေအိမ်များအား စေတနာရှင်များမှ လှူဒါန်းသော ထမင်းထုပ်နှင့် ရေသန့်ဘူးများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့် စေတနာရှင်များက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်  မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ပြည်သူ(၂၀၇၁)ကျော်  ရေဘေးလွတ်ရာများသို့  ပြောင်းရွှေ့နေရာချထားပေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်  မိုးများအဆက်မပြတ်ရွာသွန်းပြီး  သံလွင်မြစ်ရေ လျှံတက်မှုများကြောင့် စိုးရိမ်ရေအမှတ် (၇၅၀)စင်တီမီတာအထက်ကျော်လွန်ပြီး (၉၂၂) စင်တီမီတာသို့ရောက်ရှိခဲ့ရာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဖျာပုံခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သည့် ဘိုးဘွားရိပ်သာများ၊ ပရဟိတ ဂေဟာများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ဖျာပုံမြို့အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to