မြို့သစ်မြို့နယ်တွင် လူငယ်အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မြို့သစ် စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နောင်လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးရမည့် ကျောင်းသား ကျောင်းသူများ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ ဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဟောပြောဆွေးနွေးခြင်းကို စက်တင်ဘာ ၁၁ ရက်၊ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဆွဲမိက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ အကြောင်းအရာများ၊ မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပါအကြောင်းအရာများနှင့် ရွေးကောက်ပွဲနှင့် ပထမအကြိမ်မဲပေးကြမည့် လူငယ်များအခန်းကဏ္ဍကို ကျောင်းသား ကျောင်းသူများ နားလည်သိရှိ‌စေရန် အသိပညာပေးဆွေးနွေး‌ ဟောပြောခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)