ပုဗ္ဗသီရိ စက်တင်ဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဆင်သေချောင်းရေကျဆင်းလာသည့်အတွက် ပင်လောင်းလမ်းမကြီးပေါ်တွင် တင်ကျန်နေသည့် ရွှံနွံများနှင့် အမှိုက်သရိုက်၊ သစ်ကိုင်းများ ရှင်းလင်းဖယ်ရှားခြင်းကို ယနေ့နံနက်ပိုင်းက ဝိုင်းဝန်းဆောင်ရွက်နေကြကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ မိုးများအဆက်မပြတ် ရွားသွန်းခြင်းကြောင့် ဆင်သေချောင်းရေမြင့်တက်လာပြီး ပင်လောင်းလမ်းဆုံမှ အေးမြင့်သာယာကျေးရွာ တံတားထိ ရေများလျှံတက်ကာ အေးမြင့်သာယာကျေးရွာနှင့် ဘဲကုန်းကျေးရွာတို့အပြင် ပင်လောင်လမ်းမကြီးပေါ်ထိ ရေလွှမ်းခြင်းများ ဖြစ်ခဲ့ရသည်။ ယနေ့စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဆင်သေချောင်းရေ ကျဆင်းသွားသည့်အတွက် အေးမြင့်သာယာတံတားထိ ရေများကျဆင်းရာ ရေလွှမ်းခြင်းကြောင့် တင်ကျန်ခဲ့သည့် အမှိုက်သရိုက်၊ သစ်ကိုင်း၊ ရွှံနွံများနှင့် နုံးများကို မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများက သွားလာမှုအဆင်ပြေစေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)