ဖျာပုံ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သည့် ဘိုးဘွားရိပ်သာများ၊ ပရဟိတ ဂေဟာများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ဖျာပုံမြို့အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများဖြစ်သည့် ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေများပေးအပ်ရာတွင် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးကြည်က အဖွင့်အမှာ စကားပြောကြားရာတွင် ဖျာပုံခရိုင်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၄)ခု၊ ဘိုးဘွားရိပ်သာ (၃)ခု အတွက် ထောက်ပံ့ငွေ(၂၉၆၂၈၀၀၀)အား ထောက်ပံ့ပေးခြင်း၊ ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၇၉)ကျောင်းအတွက် ထောက်ပံ့ငွေ(၇၅၈၄၀၀၀၀)အား ထောက်ပံ့ပေးခြင်းနှင့်ခရိုင်အတွင်းရှိ မိခင်ဝိုင်း (၁၉) ဝိုင်းအတွက် မိခင်ဝိုင်းခေါင်းဆောင် လစာငွေ (၆/၂၀၂၄)မှ( ၈/၂၀၂၄)လအထိ (၃)လစာ အတွက် (၂၃၅၀၀၀၀)အား ထောက်ပံ့ရာ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၇၈၁၈၀၀၀)အား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအနေဖြင့် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမူရေးလိုအပ်ချက်ရှိသူ များအား လူမှုရေးဝန်ဆောင်မှုများကို နည်းလမ်းမှန်ကန်စွာ ရရှိနိုင်ရေး ၊လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားပြီးကူညီဆောင်ရွက်ပေးသွားကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ဖျာပုံခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သည့် ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများနှင့် ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေများပေးအပ်ကြရာ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးကြည်၊ ဖျာပုံခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦး၊ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်စိုးစိုးရီနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကြရာ ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ တာဝန်ခံများက လက်ခံရယူကြပြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စား ကနိလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်