သာယာဝတီမြို့၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

သာယာဝတီ စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဉာဏ၊ သာယာဝတီမြို့နယ် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုးလွင်နှင့် အမှတ်(၂)လူကုန်ကူးမှုတားနှိမ်နင်းရေးရဲတပ်ဖွဲ့(တပ်ဖွဲ့စိတ်မှူး) ရဲအုပ်ဥက္ကာသွင်တို့ ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ကြသည်။

အဆိုပါ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းရာတွင် သာယာဝတီခရိုင်ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဒေါက်တာစုလှိုင်ထွေးနှင့်ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ ပြုလုပ်ပေးကြသည်။

ယင်းနောက် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူးဦးခင်မောင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းဟို၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဉာဏ၊ သာယာဝတီမြို့နယ် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်စိုးလွင်တို့မှ တပ်ဖွဲ့များ၏ စုပေါင်းသွေးလှူဒါန်းမှုအား လိုက်လံကြည့်ရှုအားပေးကြပြီး အာဟာရဖြည့်စွက်စာအဖြစ် ကြက်ဥ၊ အားဖြည့်အချိုရည်များ ထောက်ပံ့လှူဒါန်း​ပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ခရိုင်ပြန်/ဆက်)