မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝင်ငွေတိုးစီမံကိန်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မြောင်းမြ စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ လူငယ်များအတွက် အလုပ်အကိုင်ဖန်တီးနိုင်ရေးလုပ်ငန်းမှ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က အိမ်မဲမြို့နယ်၊ ကြို့ကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဝေဝေလင်းက သင်တန်းဖွင့်အမှာစကားနှင့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်ရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းပါ “မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း” ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့သည်။

 အဆိုပါသင်တန်းကို နည်းပြဆရာ ဦးကျော်ဇော်လင်းနှင့်အတူ အကူနည်းပြဆရာ ဦးဝေယံလင်းတို့က သင်တန်းသား စုစုပေါင်း (၁၀) ဦးတို့အား စက်တင်ဘာလ (၁၆) ရက်နေ့မှ အောက်တိုဘာလ (၁၅) ရက်နေ့အထိ ဘာသာရပ် (၇) မျိုးတို့ကို စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)