ချောက် စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဓာတ်မြေသြဇာ လက်လီ/လက္ကား ဖြန့်ဖြူးရောင်းချသည့် ဆိုင်များအား ဒေသအလိုက်သတ်မှတ် ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ မြို့နယ်ယူရီးယားဓာတ်မြေသြဇာဝယ်ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးခိုင်မျိုးအောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြင့်မြတ်သင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာလင်းတို့ပူးပေါင်း၍ အောင်ရတနာ၊ ဇမ္ဗူမိတ်၊ ရတနာသိန်း၊ ရွှေလရောင်၊ ဖြိုးနိုင်ဖြိုးစိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များမှ ယူရီးယားဓာတ်မြေသြဇာများအား ဒေသအလိုက်သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ စိုက်ပျိုးရေးသုံးပစ္စည်းများကို စားသုံးသူကာကွယ်ရေးဥပဒေပါကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ကျော်မိုး(ပြန်/ဆက်)