မင်းကင်း စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်းစကားဝါခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်အုပ်ချူပ်ေရးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြို့ကသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းခဲ့သည် အဆိုပါသင်တန်းသို့ တက်ရောက်လာကြသူများအား အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးကာ သင်တန်းအား ဆက်လက်ပြီးပို့ချပေးရာ သင်တန်းဖွင့်ပွဲသို့ သင်တန်းသား/သူ(၁၃)ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခဲ့ကြပြီး စက်တင်ဘာ (၂၈)ရက်နေ့အထိ ပို့ချသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)