ရတနာပုံတက္ကသိုလ်၌ ကျွမ်းကျင်မှုအတတ်ပညာသင်တန်း (Job-Ready Skill) အပတ်စဉ်(၁) သင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ  အဆင့်မြင့်ပညာဦးစီးဌာန ရတနာပုံတက္ကသိုလ်တွင် တက္ကသိုလ်ဝင်ခွင့် အခြေခံပညာအထက်တန်းစာမေးပွဲဖြေဆိုဖူးသူ(သို့မဟုတ်) အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ခြင်း အောင်လက်မှတ်ရရှိပြီးသူများအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် လက်တွေ့အတတ်ပညာရပ်များ တတ်ကျွမ်းပြည့်ဝစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ကျွမ်းကျင်မှုအတတ်ပညာသင်တန်း(Job- Ready Skill) အပတ်စဉ်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၌ ဒို့အတူတူမဲပေးကြစို့  LED ပိုစတာကြော်ငြာဘုတ် လှည့်လည်ပြသ

‎မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့နယ်၌ ဒို့အတူတူမဲပေးကြစို့ LED ပိုစတာကြော်ငြာဘုတ်ဖြင့် လှည့်လည်ပြသခြင်းကို ဇန်နဝါရီ ၅ ရက် မွန်းလွဲပိုင်းက လှည့်လည်ပြသသည်။

ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် Myan Oil Co.,Ltd တို့ ပူးပေါင်း၍ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်မီးသတ်ဦးစီးဌာနနှင့် Myan Oil Co.,Ltd တို့ ပူးပေါင်း၍ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်၊

တွံတေးမြို့နယ်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (တွံတေး) ရှိ ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့မအခြေခံပညာကျောင်း မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် “ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုပေးပွဲအခမ်းအနား” ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုပေးပွဲအခမ်းအနား” ကို ယနေ့နံနက် (၉) နာရီ၌ အမှတ် (၂) ရပ်ကွက်၊ ‌အခြေခံပညာအထက်တန်းကျောင်းအမှတ် (၁) တွင် ကျင်းပပြုလုပ်သည်။

ရန်ကင်းမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁‌၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး၌ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကယားပြည်နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။

လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ၌ လှည်းကူးမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဝင် ဦးသန်း‌ဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ‌ ကျောင်းများမှဆုရရှိသူများ၊ ကျောင်းသားမိဘဆရာအသင်းနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့သည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူများတွက် ကျွမ်းကျင်မှုအတက်ပညာသင်တန်းကို သုံးလကြာဖွင့်လှစ်

အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ကျွမ်းကျင်မှုအတက်ပညာ (Job-Ready Skills) (အခြေခံအီလက်ထရောနစ်နည်းပညာနှင့် မုန့်ဖုတ်) သင်တန်းကို ယနေ့မွန်လွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သည်။
Subscribe to