နတ်တလင်း ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် အတွင်းရှိမြို့နယ်များတွင် ပြည်သူများအားဖြန့်ဝေနေသော စားသုံးဆီလက်လီ/လက်ကားဆိုင်များသို့ စျေးနှုန်းမြှင့်တင်စွာရောင်းချခြင်းမရှိစေရေး စာအုပ်စနစ်ဖြင့် ပြည်သူများလက်ဝယ်အရောက်အပြည့်အဝရရှိစေရန် ဌာနမှလမ်းညွှန်ထားသော မှန် (၆)မှန်နှင့်အညီ ရောင်းချပေးစေရေး ဗီနိုင်းများဖြင့်ချိတ်ဆွဲရောင်းချရန် ယမန်နေ့ နေ့လယ်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် နတ်တလင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှကြီးကြပ်၍ ခရိုင်အတွင်းရှိ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စားအုန်းဆီများ၊ ဘူးသွပ်ဆီများအား အမှန်တကယ်ရောင်းချနေမှုအခြေအနေ၊ ဝယ်ယူမှုအခြေအနေများ၊ စီးဆင်းမှုလမ်းကြောင်း၊ ရောင်းချနေသောဆီအမျိုးအစားနှင့် စျေးနှုန်းအခြေအနေများပြန်ရောင်းစျေးနှင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများမဖြစ်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)