ပေါင်မြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ယိမ်းအကအလှများနှင့် ပြိုင်ပွဲဝင်ယိမ်းအကများပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ပေါင် ဧပြီ ၅

၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပေါင်မြို့နယ်အတွင်း လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ပေါင်မြို့နယ်အတွင်း ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန် ပြုလုပ်ဆောင်ရွက်ခြင်း၊ ရေကစားမဏ္ဍပ်များ ဆောင်ရွက်ခြင်း၊ စတုဒိသာကျွေးမွေးဆောင်ရွက်ခြင်းနှင့် နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားတော်နာယူခြင်း သက်ကြီးဘိုးဘွားပူဇော်ခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ခြင်းများ ကျင်းပသွားမည်ဖြစ်သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် (ဗဟို)မဏ္ဍပ်တွင် ဖျော်ဖြေရေးယိမ်းများ၊ ပြိုင်ပွဲဝင်ယိမ်းများဖြင့် အလှည့်ကျဖျော်ဖြေတင်ဆက် ယှဉ်ပြိုင်ဆောင်ရွက်သွားမည်ဖြစ်ရာ ဖျော်ဖြေရေးယိမ်းနှင့် ပြိုင်ပွဲဝင်ယိမ်းများက လှပျိုဖြူများမှ မြန်မာ့ရိုးရာသင်္ကြန်တွင် ညီညာစွာဖျော်ဖြေနိုင်ရေးအတွက် ယိမ်းအကများကို အထက (ပေါင်)နှင့် အထက(ဇင်းကျိုက်) တို့တွင် လေ့ကျင့်လျက်ရှိနေကြကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)