အလုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

အလုံ အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊အလုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို  ယနေ့နံနက် ၇ နာရီခန့်က ဆင်မင်းရပ်ကွက်နှင့် ဌာနာရပ်ကွက်တို့တွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇာနည်လွင်နှင့် မြို့နယ်သန်းခေါင် စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ​ကသန်းခေါင်စာရင်း ကောက်ယူနေမှု အခြေအနေများနှင့်ပတ်သက်၍ တိကျမှန်ကန်မှုရှိစေရေးအတွက် ရှင်းလင်းဆွေးနွေးခဲ့​ပြီး ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ကောက်ကွက် (၇)ကွက်အား စာရင်းစစ်/စာရင်းကောက်အဖွဲ့ (၇) ဖွဲ့မှ ကွင်းဆင်းကောက်ယူလျက်ရှိပြီး အောက်တိုဘာလ(၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)