ထန်းတပင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူ

ထန်းတပင်(ပဲခူး) အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် အုန်းပင်ကျေးရွာအုပ်စု သရက်ပင်ကျေးရွာတွင် ယမန်နေ့မွန်းလွဲပိုင်းက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို ဆက်လက်ကောက်ယူလျက်ရှိသည်။

အဆိုပါ ကောက်ယူနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

မြို့နယ်အတွင်းရှိ ရပ်ကွက် (၆) ရပ်ကွက် ကျေးရွာအုပ်စု (၂၉) အုပ်စု ကျေးရွာပေါင်း (၁၀၇) ရွာ ကောက်ကွက်ပေါင်း (၃၁၅) ကောက်ကွက် စာရင်းကောက် (၂၃) ဖွဲ့တို့မှ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များအသုံးပြု၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)