မင်းလှ အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၅ ရက်နေ့အထိ ကွင်းဆင်းကောက်ယူခဲ့ရာ ရာနှုန်းပြည့် အောင်မြင်စွာ ကောက်ယူပြီးစီးကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မင်းလှမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၆၆) အုပ်စု၊ ကောက်ကွက်ပေါင်း (၃၉၄) ကွက်ရှိရာ စာရင်းစစ်/ စာရင်းကောက်ဦးရေ (၁၅၁)ဦးတို့က အဖွဲ့ (၂၈) ဖွဲ့ခွဲ့၍ ရပ်ကွက်၊ ကျေးရွာများတွင် CAPI နည်းပညာဖြင့် Tablet အသုံးပြုပြီး အိမ်ထောင်စုပေါင်း (၃၁၀၀၁)စု လူဦးရေပေါင်း (၁၀၆၄၄၂)ဦး ကောက်ယူနိုင်ခဲ့ကြောင်း၊ ကောက်ကွက်အတွင်းရှိ အိမ်ထောင်စုပြည်သူများမှ ပါဝင်ပူးပေါင်းကူညီခဲ့ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်း ရာနှုန်းပြည့် အောင်မြင်စွာ ကောက်ယူပြီးစီးနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)