ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဥပဒေအသိပညာပြန့်ပွားရေးဗဟိုနည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ၁၁ ရပ်ကွက် သစ္စာလမ်းရှိ ဆရာအတတ်ပညာဦးစီးဌာန ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဥပဒေအသိပညာပြန့်ပွားရေးဗဟိုနည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကင်းပညာရေးဒီဂရီကောလိပ်မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့၊ အ.မ.က(ဘူတာ)ကျောင်း၌ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ(ဘူတာ) အခြေခံပညာမူလတန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း အစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာ‌ဖွေ ဖော်ထုတ်ခြင်းကို ယနေ့နံနက်က သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ ဖြစ်ပွားလာပါက အမြန်ဆုံး မီးငြိမ်းသတ်နိုင်ရေး နှင့် မီးလောင်မှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အတွင်းရှိ ဈေးများ၊ ဆိုင်များ၊ ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများနှင့်ကျောင်းများတွင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ပင်လုံ ခန်းမတွင် အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းအခမ်းအနားကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင် ပြပွဲနှင့်ဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီအချိန်က အ.မ.က ကရင်ကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျုံပျော်ခရိုင်တွင် အသေးစား အလတ်စား အငယ်စား MSMEs ထုတ်ကုန်ပြပွဲ ပြိုင်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၏ အသေးစားအလတ်စားအငယ်စား MSMEs ထုတ်ကုန်ပြပွဲပြိုင်ပွဲကို ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။

ဓနုဖြူမြို့နယ်ရှိ ကျေးလက်လမ်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့က တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ပိုစတာပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျောင်သား/သူများ အသိပညာဗဟုသုတများပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေး​ ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အ.မ.က (ကွမ်ကသောင်) စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to