ဇီးကုန်းမြို့နယ်၌ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်  နယ်လှည့်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်  နယ်လှည့်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မယင်းကျေးရွာအုပ်စု၊ မယင်း(အနောက်)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဂန့်ဂေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ) “ပုံညာခန်းမ” တွင် ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့၊ မော်ကျော့ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် လိုက်လံဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယနေ့နံနက်ပိုင်းက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ မော်ကျော့အခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်နေပူခံ ကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် " အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး"အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ဆရာ/ ဆရာမများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့နံနက် (၃) နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ယာယီခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထန်းတပင်မြို့နယ် အခြေခံပညာမူလတန်း (လွန်) သခင်မြကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာမူလတန်း (လွန်) သခင်မြကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ညောင်ဦးမြို့နယ် ဝေမျှခြင်းပရဟိတမိသားစု သောက်သုံးရေ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေ လိုအပ်လျက်ရှိသော ချောင်းဝကျေးရွာသို့ ဇန်နဝါရီ ၁၅ ရက်၊ နံနက် ၁၀ နာရီအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ လူစီးသုံးဘီးယာဥ် ယာဥ်ပိုင်ရှင်နှင့် ယာဥ်မောင်းများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် BAJAJ အမှတ်တံဆိပ် လူစီး သုံးဘီးကုမ္ပဏီမှ တာဝန်ယူစီစဥ်သော မြို့နယ်အတွင်းရှိ ပြည်သူများအတွက် လူစီးသုံးဘီးယာဥ် ယာဥ်ပိုင်ရှင်နှင့် ယာဥ်မောင်းများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဖျာပုံမြို့ ဆရာဇော်ဂျီ စာကြည့်တိုက်တိုးချဲ့ဆောင် ဗေဒါခန်းမ၌ ပြုလုပ်သည်။
Subscribe to