စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ ချင်းတွင်းမြစ်ကမ်းဘေး မြေနုကျွန်းပေါ်၌ တောင်သူဦးမြင့်စိုး စိုက်ပျိုးထားရှိသည့် ဆောင်းမြေပဲများနှင့် စားဖိုဆောင်သီးနှံစိုက်ခင်းသို့ ရောက်ရှိကြသည်။

ငပုတောမြို့(Community Centre)ခန်းမ၌ မုန့်လုပ်နည်းသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့တွင် မုန့်လုပ်နည်းသင်တန်းကို ယနေ့မွန်းလွဲ(၂)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်အတွင်း စိုက်ပျိုးထားသည့် ဆောင်သီးနှံများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အတွင်း စိုက်ပျိုးပြီးစီးခဲ့သည့် ဆောင်းသီးနှံ ကုလားပဲ၊ ဂျုံနှင့် နေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သရက်မြို့၌ ကျောင်းအခြေပြု တီဘီရောဂါအရှိန်အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း အသိပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းအခြေပြု တီဘီရောဂါအရှိန်အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း အသိပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ ပခုက္ကူ ဒီဇင်ဘာ ၂၄ ခရိုင်(ပြန်/ဆက်)

ကျောက်ဆည်မြို့တွင် (Grade-5)နှင့် (Grade-9) အတန်းများတွင် သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် သင်တန်းဆွေးနွေးပွဲများ ပြုလုပ်

မန္တလေးတိုင်းလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့်(Grade-9)အတန်းများတွင် သင်ကြားလျက်ရှိသော ဆရာ/ ဆရာမများ သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်သင်တန်းဆွေးနွေးပွဲများကို ကျောက်ဆည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းစည်ပင်သာယာမြို့မဈေးကြီးနှင့် တမ္ပဝတီဈေးသစ်တို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးများမီးဘေးလုံခြုံရေးနှင့် မီးလောင်မှုအန္တရာယ် မဖြစ်ပွားစေရေးတို့အတွက်၊ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီက တမ္ပဝတီဈေးသစ်နှင့် မြို့မစည်ပင်သာယာဈေးကြီးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကံမမြို့ အုပ်ဖိုကျေးရွာ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း အသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အုပ်ဖိုကျေးရွာတွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းအသိပညာပေးဟောပြောပွဲနှင့် ရွက်ဖျန်းသဘာဝမြေဩဇာများဖြန့်ဖြူးခြင်းကို ယမန်နေ့ နေ့လယ်က အ.မ.က(အုပ်ဖို)၌ ဆောင်ရွက်ခဲ့သည်။

ကျေးသီးမြို့၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်‌ရေးနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်ရုံး Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to