ငပုတောမြို့(Community Centre)ခန်းမ၌ မုန့်လုပ်နည်းသင်တန်းဖွင့်လှစ်

ငပုတော ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့တွင် မုန့်လုပ်နည်းသင်တန်းကို ယနေ့မွန်းလွဲ(၂)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါမုန့်လုပ်နည်းသင်တန်းတွင် မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သင်တန်းသား၊ သင်တန်းသူများအား မုန့်လုပ်နည်းသင်တန်းတက်ရခြင်းဖြင့် မိမိတို့မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရန် ရည်ရွယ်လျက် သင်တန်းနည်းပြဆရာ ဦးသန်းလွင်က ဘဲသားမုန့်ပြုလုပ်နည်း အဆင့်ဆင့်ကို သင်ကြားပေးပြီး လက်တွေ့ဆောင်ရွက်စေကာ လိုအပ်သည်များ ဖြည့်ဆည်းသင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မုန့်လုပ်နည်းသင်တန်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နုနုရီနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြဆရာနှင့် သင်တန်းသူ၊ သင်တန်းများတက်‌ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)