သရက် ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းအခြေပြု တီဘီရောဂါအရှိန်အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း အသိပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောရာတွင် ကျောင်းအခြေပြု တီဘီရောဂါအရှိန်အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းစီမံချက်ကို ကျောင်းနေအရွယ် ကလေးများတွင် တီဘီရောဂါအကြောင်း ပိုမိုသိရှိနားလည်စေရန် ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်တွင် တီဘီရောဂါကူးစက်မှု ထိန်းချုပ်ရေးအားပေးရန် အထူးသဖြင့် ချောင်းဆိုးနည်းစနစ်မှန်ကန်စေရန်နှင့် ကျောင်းနေအရွယ်ကလေးများတွင် တီဘီရောဂါရှာဖွေ ဖော်ထုတ်ရန်ဟူသော ရည်မှန်းချက်ဖြင့် ဆောင်ရွက်မည်ဟုသိရှိရကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်က ကျောင်းအခြေပြု တီဘီရောဂါအရှိန်အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းစီမံချက်နှင့်ပတ်သက်၍ ပြောကြားပေးခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တီဘီရောဂါတိုက်ဖျက်ရေးဌာန ကျန်းမာရေးမှူး(၄) ဒေါ်စုသက်မွန်က တီဘီရောဂါနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)