လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အခမ်းအနားမှူးသင်တန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများအား ၂၀၂၄ ခုနှစ်၊ ယမန်နေ့ နံနက်(၁၀)နာရီ အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချသည်။
အဆိုပါ သင်တန်းတွင် အခမ်းအနားမှူးတစ်ဦး၏ တာဝန်နှင့်လုပ်ဆောင်ရမည့်အချက်များ၊ အခမ်းအနားမှူး တစ်ယောက်၏ အရည်အချင်း၊ ဝတ်စားဆင်ယင်မှု၊ အသံပီသရှင်းလင်းမှု၊ အခမ်းအနားမစတင်မီ အဖြတ်အတောက်လေယူလေသိမ်းနှင့် သတိပြုရမည့်အချက်များကို မိုက်ကရိုဖုန်းဖြင့် ကောင်းမကောင်း စမ်းသပ်ပြောဆိုရမည်ဖြစ်ကြောင်း၊ မိုက်နှင့်ပါးစပ် လေးလက်မခန့် ကွာထားရမည် ဖြစ်ကြောင်းတို့ကို ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက သင်ကြားပို့ချပြီး အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းများဦးစီးဌာန၀န်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာစာရေးများ စုပေါင်း(၂၅)ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)