မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်  မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိတောက်ပင်နယ်မြေ မီးသတ်စခန်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်သည် အဖွဲ့ဝင်များလိုက်ပါလျက် သရက်ခရိုင် သရက်မြို့နယ်  ပိတောက်ပင်နယ်မြေ မီးသတ်စခန်းသစ်ကို (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တက်ရောက် ဖွင့်လှစ်ပေးခဲ့ရာ အခမ်းအနားသို့ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အ.မ.က-အောက်ကင်းအရှေ့ရှိ ကျောင်းသား/သူများအား (တတိယ)အကြိမ်၊ အာဟာရများ ထပ်ဆောင်းကျွေးမွေးခြင်း ဆောင်ရွက်

ကျောင်းနေအရွယ်ကလေးငယ်များအား အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု အောက်ကင်းအရှေ့ရွာ အခြေခံပညာမူလတန်းကျောင်းရှိ KG အတန်းမှ Grade-5 အတန်းအထိ ကျောင်းသူ/သား (၉၃)ဦး တို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အလှူရှင်မိသားစုက ထပ်ဆောင်းပူးပေါင်း၍ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က (တတိယ) အကြိမ်၊ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် အာဟာရများကို ကျေးမွေးပေးခဲ့ကြကြောင်း သိရသည်။

ပိုင်ကျုံမြို့ ကစိုကျေးရွာအုပ်စုရှိ မူ(လွန်)ငှက်ပျောတောကျောင်း၌ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စုရှိ (မူလွန်) ငှက်‌ပျောတောကျောင်း၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲများပြသခြင်းကို ယနေ့နံနက်ပိုင်းက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုင်းပျဉ်းမြို့၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့တွင် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

အောင်မြေသာစံမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းစိစစ်မှုများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ မြို့နယ်မြေပြင်လူဦးရေ စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီက မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်းစာရင်းစိစစ်မှုများကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ ဆောက်ရွက်လျက်ရှိရာ   ယနေ့နံနက်ပိုင်းက ပြည်ကြီးကျက်သရေ(အနောက်)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။

မြို့သစ်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိူ့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်၊ စောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၅ လမ်း၊ ၂၇x၂၈ လမ်းကြားရှိ ဆုတောင်းရဘုရား ဓမ္မာရုံအတွင်း ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေးခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက်ပိုင်းက ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်း ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးအဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနား  တက်ရောက်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးသစ်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြိုနယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
Subscribe to