မြို့သစ်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲများဆောင်ရွက်

မြို့သစ် ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိူ့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်၊ စောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်ရှိန်မြင့်တင်ရေး စာအုပ်ပြပွဲတွင် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အထ ဖြစ်ပေါ်လာစေရန်နှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များ ဖြစ်ပေါ်လာစေရန်စသည့် အကြောင်းအရာများ မှာကြားကြောင်း သိရသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် “စာအုပ်စာစောင်များပြသထားရာ” အသိပညာပေး နံရံကပ်စာစောင်များနှင့် အသိပညာပေး စာအုပ်၊ စာစောင်များအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုကြကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက် )