ရွှေတောင်မြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦး ဦးဆောင်၍ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေးအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြသခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုစာတမ်းဖတ်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ဂုဏ်ပြုစာတမ်းဖတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့သိုင်းစွမ်းရည်ပြပွဲနှင့် KG ကလေးငယ်များအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း အစီအစဉ်အား တက်ရောက်ကြည့်ရှုအားပေး

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ့သိုင်းဆပ်ကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မြန်မာ့သိုင်းစွမ်းရည်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

နတ်မောက်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ နတ်မောက် ဖေဖော်ဝါရီ ၆ လှဝင်း (ပြန်/ဆက်)

ဒေးဒရဲမြို့၌(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဖွံ့ဖြိုးရေး ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ရောက်ရှိမည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ  ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေးရည်ရွယ်၍ တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့သည့်  ပဆင-တညင်ကုန်း- သဲကုန်း- ကုန်းတန်းကလေး ကျေးရွာချင်းဆက်လမ်းခင်းခြင်း ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၁၁)နာရီက အဆိုပါကျေးရွာချင်းဆက်လမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ် လူထုအ​​​ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းသား/သူများ စာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဖြတ်ထိုးဉာဏ်များကောင်းမွန်လာစေရန်၊ ရဲဝံ့စွာ ရှေ့သို့ထွက်၍ ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် (၉:၀၀) နာရီအချိန်က ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

အင်္ဂပူမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခများ၊ တွဲဖက်ပါ‌မောက္ခများ၊ ကထိကများမှ ဘာသာရပ်အလိုက် သင်ကြားပို့ချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် အမှတ်‌ပေးစည်းမျဥ်းနှင့်အညီ‌ ဖြေဆိုနိုင်စေရေးအတွက် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခများ၊ တွဲဖက်ပါ‌မောက္ခများ၊ ကထိကများမှ ဘာသာရပ်အလိုက် သင်ကြားပို့ချသည့်ခြင်းကို ယနေ့နံနက် (၁၀) နာရီက အ-ထ-က(အင်္ဂပူ) ‌ငုရွှေဝါခန်းမ၌ STEAMS(1)၊ (2)အဖွဲ့အားလည်းကောင်း၊ ပြည်သူ့အားကစားခန်းမ၌ STAMS(1)အဖွဲ့အားလည်းကောင်း သင်ကြားပို့ချခဲ့သည်။

ပန်းတောင်းမြို့နယ်၌ ဖဲန်စီချိတ်ကြီး စားပြောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူများ အဆင်ပြေ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက်အတွင်းရှိ တောင်သူများသည် ဖဲန်စီချိတ်ပြောင်းသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို ဧရာဝတီမြစ် သဲနှုန်း​​​မြေတွင် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချရာတွင်လည်း ယခင်နှစ်ထက် ဈေးပိုရရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပန်းတောင်းမြို့နယ် ဝန်လိုရပ်ကွက်နေ ဒေသခံတောင်သူတစ်ဦးဖြစ်သည့် ဦးဆန်းဦးထံမှ သိရသည်။

ရပ်စောက်မြို့နယ်နှင့် အင်တောမြို့နယ်ခွဲစည်ပင်သာယာရေးဌာနတို့မှ လေလံရောင်းချပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြိုနယ်နှင့် အင်တောမြို့နယ်ခွဲ စည်ပင်သာယာရေးဌာတို့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာားရေးနှစ်အတွက် အရပ်ရပ်အခွင့်ရေးလုပ်ငန်းလိုင်စင်(၂၉)ခုနှင့် သားသတ်လိုင်စင် (၂၂)ခုတို့၏ လုပ်ကိုင်ခွင့်များကို ဈေးပြိုင်စနစ်ဖြင့်လေလံရောင်းချပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ရဿဝတီခန်းမ၌ကျင်းပပြုလုပ်ရာ  မြို့နယ်လေလံရောင်းချရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဝင် ဦးသက်အောင်က အမှာစကားပြောကြားသည်။

ဒဂုံမြို့နယ်၊ အိမ်တော်ယာဘုရား၀န်းတွင် COVID vaccine (p-fizer) ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ အိမ်တော်ရာဘုရား၀န်းတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ ပြည်သူများကို COVID vaccine (p-fizer) ထိုးနှံပေးနေကြောင်း သိရသည်။
Subscribe to