သန်လျင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား စျေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများရောင်းချပေး

ရန်ကုန် ဧပြီ ၂၁

သန်လျင်ခရိုင် သန်လျင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူလျက်ရှိသော အငြိမ်းစားဝန်ထမ်းများအား မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ယနေ့နံနက်ပိုင်းမှစ၍ စားအုန်းဆီများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် မြန်မာ့စီးပွားရေးဘဏ် (သန်လျင်) ၌ ဧပြီလ (၂၁) ရက်နေ့မှစ၍ ပင်စင်လစာများစတင်ထုတ်ပေးလျက်ရှိရာ အငြိမ်းစားဝန်ထမ်းများအား စားအုန်းဆီများကို တစ်ဦးလျှင် (၂) ပိသာငါးဆယ်ကျပ်သား ဘူးခွံစရိတ်အပါ ကျပ် (၂၁၀၀၀) ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)