ကော့ကရိတ် ဧပြီ ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီက အမှတ်(၃) ရပ်ကွက်၊ ဒေါနခန်းမ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး ပြုလုပ်ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူနိုင်ရန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ အားနည်းချက်မရှိစေရေး ဖြည့်တွေး ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားရာ ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသီးသီး ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)