ကျိုက်မရော ဧပြီ ၂၄
ကျိုက်မရော မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပိန်းနဲကုန်းကျေးရွာ၊ သာသနာ့ဟိတဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးသန့်ဇင်က သစ်တော ထိန်းသိမ်းရေးတောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့အန္တရာယ်ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပြီး တောအုပ်ကြီး ဦးထွဋ်ခေါင်ကျော်က Fire Hotspot ဖြစ်ပွားမှုလျှော့ချရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ပိန်းနဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၆၃) ဦးတို့တက်ရောက်ခဲပြီး ဟောပြောပွဲတက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ သစ်တောဦးစီးမှူးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)