ပြည် ဧပြီ ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက "ဆုံဆည်းရာ" Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးမှ တာဝန်ရှိသူများ၊ ပြည်မြို့နယ်စာရေးဆရာအသင်းမှ ဆုံစည်းရာ Book Clubအဖွဲ့ဝင် စာရေးဆရာများနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။
စာဖတ်ဝိုင်းတွင် ဆုံစည်းရာ Book Club အဖွဲ့ နာယက၊ စာရေးဆရာ မောင်ထက်ရှား (ပြည်) က မုဒိတာစကားပြောကြားပြီး တက်ရောက်လာသော Book Club အဖွဲ့ဝင်များက ၎င်းတို့ဖတ်မှတ် လေ့လာထားသော သုတ/ရသစာပေ အတွေ့အကြုံများအကြောင်းကိုဆွေးနွေးကြကာ ကျောင်းဖွင့်ချိန်တွင် မြို့နယ်အတွင်းအခြေခံပညာကျောင်းများ၌ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဆက်