ဒလ ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးထားသော နွေစပါးစံပြစိုက်ခင်း ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က သမ္ဘာန်ချောင်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ နွေစပါး စံပြစိုက်ခင်း ရိတ်သိမ်းပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)ဦး ရွှေလှိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်နိုင်မိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တောင်သူဦးသန်းဇော်၏ လုပ်ကိုင်ခွင့်ရ ကွင်းအမှတ် (၂၀၆)၊ ဦးပိုင်အမှတ် (၁၀/၇)ရှိ လယ်မြေဧက (၁၀)ဧက စံပြစိုက်ခင်း ရိတ်သိမ်းခြင်း ဆောင်ရွက်ရာ နွေစပါး တစ်ဧကလျှင် အစိုထွက် (၁၁၂.၉)တင်း၊ အခြောက်ထွက် တစ်ဧကလျှင် (၁၀၇.၃၅)တင်း ထွက်ရှိကြောင်း သိရသည်။
မြင့်ဇော် (ပြန်/ဆက်)