လှိုင်းဘွဲမြို့၊ မြို့မစျေး၌ စွန့်ပစ်အမှိုက် ခွဲခြားစွန့်ပစ်မှု သရုပ်ပြပွဲဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ စွန့်ပစ်အမှိုက်များခွဲခြားစွန့်ပစ်နိုင်စေရေးအတွက် စျေးသူ၊စျေးသားများအား အသိပညာပေးသရုပ်ပြပွဲကို လှိုင်းဘွဲမြို့၊ မြို့မစျေးအတွင်း၌ ယနေ့နေ့လယ် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။