ငပုတောမြို့နယ်၌ အမှိုက်( ၄) မျိုး ခွဲခြားစွန့်ပစ်မှုအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်အမျိုးအစား(၄)မျိုးခွဲခြားနည်းနှင့် အမှိုက်ပုံးအရောင်ခွဲသတ်မှတ်ခြင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီက ငပုတောမြို့အမှတ်(၁)အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။