သံတောင်ကြီး မေ ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မွေးစမှအသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဆရာမဒေါ်နော်နီကမွီးနှင့် ကျန်းမာရေးဆရာမများက ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၂)နှစ် အောက်ကလေးငယ်များကို အသက်အရွယ် အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်သော ရိုတာ(Rota)ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်(၅)နှစ်အောက်ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်များအား ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနများ၊ သတ်မှတ်ထားသည့် နေရာများတွင် လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ