ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  သဲကျွန်းကျေးရွာနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းလေးကျောင်း ယာယီပိတ်ထားရ

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်းလေးကျောင်း၌ မြစ်ရေများဝင်ရောက်ခဲ့သဖြင့် ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေစေရန်အတွက် ဇူလိုင်လ ၇ ရက်မှစတင်ပြီး ယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ ပြိုင်ပွဲများ ကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (ရွှေပြည်ရန်နိုင်) တို့ ပူးပေါင်း၍ စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပခြင်းကို ဇူလိုင်လ (၁၄) ရက်၊ နံနက် (၉) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

လပွတ္တာမြို့နယ်၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသို့ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဝယ်ယူစားသောက်နိုင်စေရန် ဇူလိုင်လ(၁၁)ရက်နေ့နံနက် ၇ နာရီအချိန်က လပွတ္တာမြို့ အမှတ်(၁)ရပ်ကွက်ဈေးတွင် ရောင်းချပေးလျက်ရှိသည်။

မအူပင်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်း သင်တန်းအမှတ်စဉ် ၁/၂ဝ၂၅ ဖွင့်ပွဲကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအား ယနေ့နံနက် (၉) နာရီ (၃၀) မိနစ်က မအူပင်မြို့တိုးရွှေဝါခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်၌ မြန်မာအီလတ်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မြန်မာအီလတ်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ “အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း"အသိပညာပေး ဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ တုံးကြီးကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် ၈ နာရီက မြို့နယ် ကြက်ခြေနီအသင်း(ခွဲ) စီစဥ်မှုဖြင့် "အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်း" အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပ

သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ထိရောက်လျင်မြန်စွာကယ်ဆယ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းကျော် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to