ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းလေးကျောင်း ယာယီပိတ်ထားရ

ပခုက္ကူ ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်းလေးကျောင်း၌ မြစ်ရေများဝင်ရောက်ခဲ့သဖြင့် ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေစေရန်အတွက် ဇူလိုင်လ ၇ ရက်မှစတင်ပြီး ယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပခုက္ကူမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများအနေဖြင့် အခြေခံပညာမူလတန်းလွန်(ပခုက္ကူကျွန်း)ကျောင်း၊ အခြေခံပညာမူလတန်း(ကြားကျွန်း)ကျောင်း၊ အခြေခံပညာမူလလတန်း(သိမ်းကုန်း/မရိုးကုန်း)ကျောင်း၊ အခြေခံပညာအလယ်တန်း(ဘောလုံးခုံ)ကျောင်း စုစုပေါင်းအခြေခံပညာစာသင်ကျောင်း ၄ ကျောင်းတို့ဖြစ်ပြီး ယင်းကျောင်းများရှိ ဆရာ ဆရာမ ၁၈ ဦး၊ ကျောင်းသား ကျောင်းသူ ၄၈၅ဦး၊ စုစုပေါင်း ၅၀၃ ဦးတို့ကို ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြစ်ရေပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)