လပွတ္တာမြို့နယ်၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ

လပွတ္တာ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသို့ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဝယ်ယူစားသောက်နိုင်စေရန် ဇူလိုင်လ(၁၁)ရက်နေ့နံနက် ၇ နာရီအချိန်က လပွတ္တာမြို့ အမှတ်(၁)ရပ်ကွက်ဈေးတွင် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးရာ၌ ခရိုင်နှင့် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆန်(၁)ပြည် (၂၀၀၀)ကျပ်နှုန်းဖြင့် ဆန်(၁၀)အိတ်၊ ဆီတစ်ပိဿာ(၆၈၀၀)ကျပ်နှုန်းဖြင့် (၁၁၀)ပိဿာ၊ ကြက်ဥ(၁)လုံး (၃၅၀)ကျပ်နှုန်းဖြင့် အလုံး(၉၀၀)အား ဈေးနှုန်းချိုသာစွာဖြင့်စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဒေါ်လေးမြမြဦးနှင့်ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်‌ဌေးတို့မှ ကြည့်ရှု့အားပေးခဲ့ကြပြီး (၁)ပတ်လျှင် နှစ်ကြိမ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)