တာချီလိတ်မြို့၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြောင်းလုပ်ငန်းအသင်း အသင်းသားစုံညီအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြောင်းလုပ်ငန်းအသင်း၏ ၂ဝ၂၂-၂ဝ၂၅ ခုနှစ်သက်တမ်း ဒုတိယအကြိမ် အသင်းသားစုံညီအစည်းအဝေးနှင့် ၂ဝ၂၅- ၂ဝ၂၈ ခုနှစ်သက်တမ်းအတွက် အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဝမ်ကောင်းရပ်ကွက်ရှိ HAPPY SENSE RESTAURANT ခန်းမတွင် ကျင်းပသည်။