ညောင်ဦးမြို့ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့ ရောက်ရှိနေသည့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ 

ညောင်ဦး ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းကြောင့် ရေဘေးရှောင်စခန်းများသို့ရောက်ရှိနေသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇူလိုင် ၁၅ ရက် မွန်းလွဲ ၂ နာရီက ဆောင်ရွက်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် မြစ်ကမ်းဘေး နေအိမ်များနှင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ဧရာဝတီမြစ် မြစ်ရေဝင်ရောက်မှုများရှိခဲ့ရာ ညောင်ဦးမြို့ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများမှ ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးထားကြောင်း၊ အဆိုပါ ယာယီရေးဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိသည့် အမှတ်(၄)ရပ်ကွက်၊ ရှစ်မျက်နှာကျောင်းတိုက်ဝင်းအတွင်းရှိ ဆယ်ဆင်မေဓမ္မာရုံ၊ အမှတ်(၇)ရပ်၊ မြသိန်းတန်ဓမ္မာရုံ၊ အမှတ်(၅)ရပ်၊ မြသိန်းတန်ဓမ္မာရုံတို့တွင် ယာယီရေ  ဘေးခိုလှုံရောက်ရှိနေသည့် အိမ်ထောင်စု(၄၇)စု၊ လူဦးရေ (၂၃၈) ဦးတို့အား တစ်ဦးလျှင် ဆန်ရိက္ခာတစ်ပတ်စာအတွက် တစ်ဦးလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့်  စုစုပေါင်းငွေကျပ် ၁၁၉၀၀၀၀ကို  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှလည်းကောင်း၊ ညောင်ဦးခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရေသန့်ကတ်များ၊ အသင့်စားခေါက်ဆွဲခြောက်ထုတ်များ၊ မုန့်ကြွပ်များကူညီထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အမှတ်(၁)သီရိပစ္စယာရပ်မှ အမှတ်(၂) ၊အမှတ်(၄)၊ အမှတ်(၇)ဝက်ကြီးအင်းရပ်ကွက်ရှိ ဧရာဝတီမြစ်ရေဝင်ရောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ  ရေဘေးခိုလုံရာနေရာများသို့ပြောင်းရွေ့ရန်လိုအပ်ပါက အချိန်မီပြောင်းရွေ့နိုင်ရေး အတွက် အကူအညီ တောင်းခံနိုင်ကြောင်း ရေဝင်ရောက်သည့် နေအိမ်များမှပြည်သူများအား ပြောကြားကာ ရေဘေးရှောင်စခန်းများသို့ရောက်ရှိနေသည့် ပြည်သူများအား တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

ဒီပါလင်း