နမ့်စန်(တ) ဇူလိုင် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုဝေဝေဖြိုးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကို ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကိုယ်ကျင့်တရားစသည့် ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအတွက် အားကစားပစ္စည်းများပေးအပ်ခဲ့ရာ အ.ထ.က(မိုင်းစိတ်)ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာခိုင်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ အသိပညာပေးဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ပြီး စာဖတ်ဝိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)