ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး  ကဗျာရွတ်၊ ပုံပြောနှင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပ

ကြံခင်း ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်၊ ပုံပြောနှင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပပေးခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေသဥ္ဇာနှင်းက (၇၈)နှစ်မြောက် အာဇာနည်နေ့အကြို စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများ၊ ပြိုင်ပွဲများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မူလတန်းအဆင့် ကဗျာရွတ်၊ ပုံပြောနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီးဝင်ရောက် ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယဦးစီးမှူး ဒေါ်မေသဥ္ဇာနှင်းက အမှတ်ရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)