ထန်းတပင်(ပဲခူး) ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများအား ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀-၄-၂၀၂၃) ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံ (၃၁)နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရ်နိုင်ငံအချို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာပြီး ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB.1.16 (Arctunus ) ကူးစက်ဖြစ်ပွားမှုများလည်း ပါဝင်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ်၊ ဧပြီလဆန်းမှစတင်ကာ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာသည်ကို ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်ထားပါကြောင်း၊ ထို့ကြောင့် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးစိတ်အသစ်များကို ကာကွယ်တားဆီးနိုင်ရေး အပြင်ထွက်တိုင်း Mask တပ်ခြင်းကို အလေးထားလုပ်ဆောင်သွား ကြဖို့လိုသေးကြောင်း၊ လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးများ ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေအသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀)ကြာ ဆေးကြောခြင်း၊ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဆက်လက်ဆောင်ရွက်ဖို့လို သေးကြောင်း၊ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရေးကို တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)