ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူ​လေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယ​မန်နေ့နေ့လယ် ၁ နာရီက အ.မ.က သရက်တပင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ရှိသင်တန်းသား၊ သင်တန်းသူများ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုခြင်းနှင့် အထူးနေ့လယ်စာစားပွဲ တက်ရောက်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)သို့ ရောက်ရှိကြသည်။

ဒေးဒရဲမြို့၌ အသည်းရောင်အသားဝါရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပိုမိုရရှိစေရန်နှင့် ကူးစက်နိုင်သောရောဂါများ ကြိုတင်ကာကွယ်နိုင်ရေးရည်ရွယ်၍ အသည်းရောင်အသားဝါရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက် သရုပ်ပြခြင်း အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်သရုပ်ပြခြင်း အခမ်းအနားကို ယမန်နေ့က အခြေခံပညာအထက်တန်း ကျောင်း-ခွဲ အမှတ်(၁)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

ပြည်မြို့နယ်၌ အခွန်အသိပညာပေးရှင်းလင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့မှစုပေါင်း၍ ပြည်မြို့ သီရိခေတ္တရာမြို့တော်ခန်းမ၌ ယမန်နေ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပခဲ့ရာ ရှေးဦစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းလုပ်ငန်းများနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံနှင့် နွေစပါး၊ မိုးစပါးသီးနှံ စိုက်ပျိုးပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် လက်ရွေးစင်ကစားသမားများ စိစစ်ရွေးချယ် စခန်းသွင်းလေ့ကျင့်နိုင်ရေး ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဖူဆယ်ဘောလုံးဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသော ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
Subscribe to