ပြည်မြို့နယ်၌ အခွန်အသိပညာပေးရှင်းလင်းဆွေးနွေး

ပြည် ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့မှစုပေါင်း၍ ပြည်မြို့ သီရိခေတ္တရာမြို့တော်ခန်းမ၌ ယမန်နေ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပခဲ့ရာ ရှေးဦစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးလှဌေးဦးက တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် အဆိုပါမြို့နယ်များမှ စီးပွားရေးလုပ်ငန်းရှင်များအား ပြည်တွင်းအခွန်ဦးစီးဌာနမှ ကောက်ခံလျက်ရှိသော အခွန်ဆိုင်ရာအကြောင်းများနှင့် ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)