ခိုလမ် ဇူလိုင် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ဦးဝိမလနှင့် ဆရာတော်၊သံဃာတော်များမှ ဩကာသကန်တော့ချိုး၊ (၅)ပါးသီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်များရွတ်ဖတ်ပေးခြင်း၊ “ဝါဆိုသင်္ဃန်း ကပ်လှူပူဇော်ခြင်းအကျိုး” တရားတော်ကို ဟောကြားပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများမှ ကန်တော့ခံပစ္စည်းများ၊ အလှူငွေများ ဆပ်ကပ်လှူဒါန်းပေးခဲ့သည်။
အဆိုပါ ဝါဆိုသင်္ကဃန်းကပ်လှူပူဇော်ပွဲသို့ ကြွရောက်လာသော ဆရာတော်သံဃာတော်ရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တက်ရောက်လာသော ဧည့်သည်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ခိုလမ် (ပြန်/ဆက်)