ဝမ်းတွင်း ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်သရုပ်ပြခြင်း အခမ်းအနားကို ယမန်နေ့က အခြေခံပညာအထက်တန်း ကျောင်း-ခွဲ အမှတ်(၁)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်း၏ လမ်းညွှန်မှုကို တာဝန်ရှိသူများမှ ခံယူခဲ့ကြသည်။ ဆက်လက်၍ ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ကြသော တာဝန်ရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့သည်။
အဆိုပါ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက် သရုပ်ပြခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကော်မတီများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ စုစုပေါင်း(၅၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)