ပေါင်းတည်၌ စာဖတ်ရှိန်မြင့်တင်ရေး ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

ပေါင်းတည် ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီ၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီခွဲက မင်းကွက်( ၁)ရပ်ကွက်၊ အရှေ့လမ်း၊ အ-မ-က တွင် နယ်လှည့်ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းနုနွယ်က ယနေ့ကျောင်းသားလူငယ်များမှ ဗလငါးတန် ပြည့်စုံသည့် အနာ ဂတ်သားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် စာကောင်းပေမွန်များ ဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာပေကျေးဇူးအကြောင်းနှင့် ကလေး သူငယ်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လူကုန်ကူးမှု အန္တရာယ်အ‌ကြောင်း ဟောပြောသည်။

ယင်းနောက် ကျောင်းသား၊ လူငယ်များ စာပေချစ်မြတ်နိုးတတ်လာစေရန် ကလေးစာပေများ ဖတ်ရူလေ့လာစေခြင်းနှင့် အသိပညာများ တိုးပွားစေရန် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးရာ  စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ရွှေသား(IPRD)